15. ဘုရားသခင်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးတော်မူရန် ကောင်းကင်တမန်တစ် ပါးစေလွှတ်တော်မူပြီးမှစိတ်ပြောင်းလဲ တော်မူ၍``ဤမျှနှင့်တော်လောက်ပြီ။ ရပ် တန့်လော့။ ဆက်၍မဖျက်ဆီးနှင့်'' ဟု ထို ကောင်းကင်တမန်အားမိန့်တော်မူ၏။ ကောင်းကင်တမန်သည်ယေဗုသိအမျိုး သားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
16. ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
17. ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။
18. ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။-
19. ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။-
20. အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။-
21. အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
22. ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။
23. အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
24. သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။-
25. ထိုနောက်မင်းကြီးသည်အရောနအား ရွှေဒင်္ဂါးခြောက်ရာကိုပေးတော်မူ၍၊-
26. ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
27. ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-
28. ဤအချင်းအရာကိုဒါဝိဒ်မင်းမြင်သော် မိမိ၏ဆုတောင်းပတ္ထနာကို ထာဝရဘုရား နားညောင်းတော်မူပြီဖြစ်ကြောင်းသိလေ၏။ သို့ဖြစ်၍သူသည်အရောန၏ကောက်နယ် တလင်းရှိယဇ်ပလ္လင်ပေါ်တွင်ယဇ်များကို ပူဇော်ခြင်းဖြစ်သတည်း။-
29. ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။-
30. သို့ရာတွင်ဒါဝိဒ်သည်ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရန် ထိုအရပ်သို့မသွားဝံ့။ အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏ကောင်းကင်တမန်ဋ္ဌားကိုကြောက် သောကြောင့်ဖြစ်၏။