50. အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။ဇနီးဖြစ်သူဧဖရတ်နှင့်ကာလက်ရသော သားဦးမှာဟုရဖြစ်၏။ ဟုရ၏သားရှော ဗာလသည်ကိရယတ်ယာရိမ်မြို့ကြီးကို တည်ထောင်လေသည်။-
51. ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။
52. ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
53. သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
54. ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။