48. ကာလက်မှာမာခါနာမည်တွင်သောအခြား မယားငယ်တစ်ယောက်ရှိသေး၏။ ထိုမယား ငယ်ဖြင့်သူသည်ရှေဗာနှင့် တိရဟာနဟူ သောသားနှစ်ယောက်ကိုရ၏။-
49. ထိုနောက်မာခါသည်မာဒမေနမြို့ကိုတည် ထောင်သူဖြစ်လာသည့်ရှာဖကိုလည်းကောင်း၊ မာခဗေနမြို့ကိုတည်ထောင်သူဖြစ်လာ သည့်ရှေဝကိုလည်းကောင်းရရှိပြန်၏။ထိုသားများအပြင်ကာလက်မှာအာခသ နာမည်တွင်သောသမီးတစ်ယောက်လည်းရှိ၏။
50. အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။ဇနီးဖြစ်သူဧဖရတ်နှင့်ကာလက်ရသော သားဦးမှာဟုရဖြစ်၏။ ဟုရ၏သားရှော ဗာလသည်ကိရယတ်ယာရိမ်မြို့ကြီးကို တည်ထောင်လေသည်။-
51. ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။
52. ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
53. သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)