4. ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
5. ဖာရက်တွင်ဟေဇရုံနှင့်ဟာမုလဟူသော သားနှစ်ယောက်ရှိ၏။-
6. သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။-
7. ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။
8. ဧသန်တွင်အဇရိဟူသောသားတစ်ယောက် ရှိ၏။