၁ ရာ​ချုပ် 2:36-38-55 Common Language Bible (BCL)

4. ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။

5. ဖာ​ရက်​တွင်​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ​ဟူ​သော သား​နှစ်​ယောက်​ရှိ​၏။-

6. သူ​၏​ညီ​ဇာ​ရ​တွင်​ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။-

7. ကာ​မိ​၏​သား​အာ​ခန်​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သော​တိုက်​ခိုက်​သိမ်း​ယူ​ရ​ရှိ​သည့် ဝတ္ထု​ပစ္စည်း​ကို​ယူ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကပ်​ဆိုက်​ရ​ကြ​ကုန်​၏။

8. ဧ​သန်​တွင်​အ​ဇ​ရိ​ဟူ​သော​သား​တစ်​ယောက် ရှိ​၏။

9. ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

36-38. အတ္တဲ​၏​သား​မြေး​အ​ဆက်​ဆက်​မှာ​နာ​သန်၊ ဇာ​ဗဒ်၊ ဧ​ဖ​လ​လ၊ သြ​ဗက်၊

39-41. ယေ​ဟု၊ အာ​ဇ​ရိ၊- ဟေ​လက်၊ ဧ​လာ​သ၊ သိ​သ​မဲ၊ ရှလ္လုံ၊ ယေ​က​မိ​နှင့်​ဧ​လိ​ရှ​မာ​တို့​ဖြစ်​ကြ​၏။

42. ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။-

43. ဟေ​ဗြုန်​တွင်​ကော​ရ၊ တာ​ပွာ၊ ရေ​ကင်​နှင့် ရှေ​မ​ဟူ​သော​သား​လေး​ယောက်​ရှိ​၏။-

44. ရှေ​မ​၏​သား​သည်​ရာ​ဟံ၊ ရာ​ဟံ​၏​သား​မှာ ယော်​ကောင်​ဖြစ်​၏။ ရှေ​မ​၏​ညီ​ဖြစ်​သူ​ရေ​ကင် ၏​သား​သည်​ရှမ္မဲ၊-

45. ရှမ္မဲ​၏​သား​မှာ​မော​န၊ မော​န​၏​သား​ကား​ဗက် ဇု​ရ​တည်း။

46. ကာ​လက်​မှာ​ဧ​ဖာ​နာ​မည်​တွင်​သော​မ​ယား ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မယား​ငယ်​ဖြင့် သူ​သည်​ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​ဟူ​သော​သား သုံး​ယောက်​ကို​ထပ်​မံ​ရ​ရှိ​ပြန်​၏။ ဟာ​ရန် တွင်​ဂါ​ဇက်​ဟု​ပင်​နာ​မည်​တွင်​သော​သား တစ်​ယောက်​ရှိ​၏။

47. (ယာ​ဒဲ​နာ​မည်​တွင်​သော​လူ​တစ်​ယောက်​တွင် ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ ဟူ​၍​သား​ခြောက်​ယောက်​ရှိ​၏။)

48. ကာ​လက်​မှာ​မာ​ခါ​နာ​မည်​တွင်​သော​အ​ခြား မ​ယား​ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မ​ယား ငယ်​ဖြင့်​သူ​သည်​ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ဟူ သော​သား​နှစ်​ယောက်​ကို​ရ​၏။-

49. ထို​နောက်​မာ​ခါ​သည်​မာ​ဒ​မေ​န​မြို့​ကို​တည် ထောင်​သူ​ဖြစ်​လာ​သည့်​ရှာ​ဖ​ကို​လည်း​ကောင်း၊ မာ​ခ​ဗေ​န​မြို့​ကို​တည်​ထောင်​သူ​ဖြစ်​လာ သည့်​ရှေ​ဝ​ကို​လည်း​ကောင်း​ရ​ရှိ​ပြန်​၏။ထို​သား​များ​အ​ပြင်​ကာ​လက်​မှာ​အာ​ခ​သ နာ​မည်​တွင်​သော​သ​မီး​တစ်​ယောက်​လည်း​ရှိ​၏။

50. အောက်​ဖော်​ပြ​ပါ​တို့​သည်​လည်း​ကာ​လက် ၏​သား​မြေး​များ​ဖြစ်​ပေ​သည်။ဇ​နီး​ဖြစ်​သူ​ဧ​ဖ​ရတ်​နှင့်​ကာ​လက်​ရ​သော သား​ဦး​မှာ​ဟု​ရ​ဖြစ်​၏။ ဟု​ရ​၏​သား​ရှော ဗာ​လ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို တည်​ထောင်​လေ​သည်။-

51. ရှော​ဗာ​လ​၏​ဒု​တိ​ယ​သား​စ​လ​မ​သည် ဗက်​လင်​မြို့​ကို​တည်​ထောင်​၍ သူ​၏​တ​တိ​ယ သား​ဟာ​ရပ်​မူ​ကား​ဗက်​ဂါ​ဒါ​မြို့​ကို​တည် ထောင်​သ​တည်း။

52. ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။-

53. သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။)

54. ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။

55. (စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။)

၁ ရာ​ချုပ် 2