၁ ရာ​ချုပ် 2:24-42 Common Language Bible (BCL)

24. ဟေ​ဇ​ရုံ​သေ​လွန်​ပြီး​နောက်​သူ​၏​သား​ကာ​လက် သည် ဖ​ခင်​၏​ဇ​နီး​မု​ဆိုး​မ​ဖြစ်​သူ​ဧ​ဖ​ရတ်​ကို သိမ်း​ပိုက်​လိုက်​၏။ သူ​တို့​တွင်​အာ​ရှု​ရ​နာ​မည်​တွင် သော​သား​တစ်​ယောက်​ကို​ရ​ရှိ​ကြ​၏။ အာ​ရှု​ရ ကား​တေ​ကော​မြို့​ကို​တည်​ထောင်​သူ​တည်း။

25. ဟေ​ဇ​ရုံ​၏​သား​အ​ကြီး​ဆုံး​ဖြစ်​သူ​ယေ​ရ မေ​လ​တွင်​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့​အ​နက် အ​ကြီး​ဆုံး​မှာ​အာ​ရံ​ဖြစ်​၍​အ​ခြား​သား များ​မှာ​ဗု​န၊ သြ​ရင်၊ သြ​ဇင်​နှင့်​အ​ဟိ​ယ တို့​ဖြစ်​၏။-

26-27. အာ​ရံ​တွင်​မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​ဟူ​၍​သား​သုံး ယောက်​ရှိ​၏။ ယေ​ရ​မေ​လ​တွင်​အာ​တ​ရ​နာ​မည် တွင်​သော​အ​ခြား​ဇ​နီး​တစ်​ယောက်​ရှိ​၏။ ထို ဇ​နီး​ဖြင့်​သြ​နံ​ဟူ​သော​သား​တစ်​ယောက်​ကို ရ​၏။-

28. သြ​နံ​တွင်​ရှမ္မဲ​နှင့်​ယာဒ​ဟူ​သော​သား​နှစ်​ယောက် ရှိ​၏။ ရှမ္မဲ​တွင်​လည်း​နာ​ဒပ်​နှင့်​အ​ဘိ​ရှု​ရ​ဟူ သော​သား​နှစ်​ယောက်​ရှိ​ပေ​သည်။

29. အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။-

30. အ​ဘိ​ရှု​ရ​၏​ညီ​ဖြစ်​သူ​နာ​ဒပ်​တွင်​သေ​လက် နှင့်​အပ္ပိမ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ တွင်​သေ​လက်​သည်​သား​တစ်​ယောက်​မျှ​မ​ရ ဘဲ​ကွယ်​လွန်​သွား​၏။-

31. အပ္ပိမ်​၏​သား​သည်​ဣ​ရှိ၊ ဣ​ရှိ​၏​သား​မှာ​ရှေ​ရှန်၊ ရှေ​ရှန်​၏​သား​ကား​အာ​လဲ​ဖြစ်​၏။

32. ရှမ္မဲ​၏​ညီ​ယာ​ဒ​တွင်​ယေ​သာ​နှင့် ယော​န​သန်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ​တွင်​ယေ​သာ သည်​သား​တစ်​ယောက်​မျှ​မ​ရ​ဘဲ​ကွယ်​လွန် သွား​၏။-

33. ယော​န​သန်​တွင်​ပေ​လက်​နှင့်​ဇာ​ဇ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​ယေ​ရ မေ​လ​၏​သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။

34. ရှေ​ရှန်​တွင်​သား​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ သူ့​မှာ ယာ​ဟ​နာ​မည်​တွင်​သော​အီ​ဂျစ်​အ​မျိုး​သား အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။-

35. သူ​သည်​မိ​မိ​၏​သ​မီး​တစ်​ယောက်​အား​ထို​ကျွန် နှင့်​ပေး​စား​ရာ အတ္တဲ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ကို​ရ​လေ​၏။

36-38. အတ္တဲ​၏​သား​မြေး​အ​ဆက်​ဆက်​မှာ​နာ​သန်၊ ဇာ​ဗဒ်၊ ဧ​ဖ​လ​လ၊ သြ​ဗက်၊

39-41. ယေ​ဟု၊ အာ​ဇ​ရိ၊- ဟေ​လက်၊ ဧ​လာ​သ၊ သိ​သ​မဲ၊ ရှလ္လုံ၊ ယေ​က​မိ​နှင့်​ဧ​လိ​ရှ​မာ​တို့​ဖြစ်​ကြ​၏။

42. ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။-

၁ ရာ​ချုပ် 2