10. အာရံမှယေရှဲတိုင်အောင်ဆွေစဉ်မျိုးဆက်ကား အာရံ၊ အမိနဒပ်၊ (ယုဒအနွယ်တွင်ထင်ပေါ် ကျော်ကြားသူ) နာရှုန်၊
11-12. စာလမုန်၊ ဗောဇ၊- သြဗက်၊ ယေရှဲဟူ၍ဖြစ်သတည်း။
13. ယေရှဲတွင်သားခုနစ်ယောက်ရှိ၏။ သူတို့အား ကြီးစဉ်ငယ်လိုက်ဖော်ပြရသော်ဧလျာဘ၊ အဘိနဒပ်၊ ရှိမာ၊-
14. နာသနေလ၊ ရဒ္ဒဲ၊-
15-16. သြဇင်နှင့်ဒါဝိဒ်တို့ဖြစ်၏။ ယေရှဲတွင်ဇေရုယာ နှင့်အဘိဂဲလဟူ၍သမီးနှစ်ယောက်လည်းရှိ၏။ယေရှဲ၏သမီးဇေရုယာတွင်အဘိရှဲ၊ ယွာဘ နှင့်အာသဟေလဟူသောသားသုံးယောက်ရှိ၏။-
17. သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။
18. ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
19. အဇုဘသေလွန်ပြီးနောက်ကာလက်သည် ဧဖရတ် နှင့်အိမ်ထောင်ပြု၍ဟုရနာမည်တွင်သောသား ကိုရ၏။-
20. ဟုရ၏သားသည်ဥရိ၊ ဥရိ၏သားကားဗေဇ လေလတည်း။
21. ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။-
22. စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။-
23. သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။-
24. ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
25. ဟေဇရုံ၏သားအကြီးဆုံးဖြစ်သူယေရ မေလတွင်သားငါးယောက်ရှိ၏။ သူတို့အနက် အကြီးဆုံးမှာအာရံဖြစ်၍အခြားသား များမှာဗုန၊ သြရင်၊ သြဇင်နှင့်အဟိယ တို့ဖြစ်၏။-
26-27. အာရံတွင်မာဇ၊ ယာမိန်၊ ဧကာဟူ၍သားသုံး ယောက်ရှိ၏။ ယေရမေလတွင်အာတရနာမည် တွင်သောအခြားဇနီးတစ်ယောက်ရှိ၏။ ထို ဇနီးဖြင့်သြနံဟူသောသားတစ်ယောက်ကို ရ၏။-
28. သြနံတွင်ရှမ္မဲနှင့်ယာဒဟူသောသားနှစ်ယောက် ရှိ၏။ ရှမ္မဲတွင်လည်းနာဒပ်နှင့်အဘိရှုရဟူ သောသားနှစ်ယောက်ရှိပေသည်။
29. အဘိရှုရသည်အဘိဟဲလနာမည်ရှိသော အမျိုးသမီးနှင့်အိမ်ထောင်ပြု၍ အာဗန်နှင့် မောလိဒ်နာမည်တွင်သောသားနှစ်ယောက်ကို ရ၏။-