၁ ရာ​ချုပ် 2:1-10 Common Language Bible (BCL)

1. ယာ​ကုပ်​တွင်​ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊-

2. ဒန်၊ ယော​သပ်၊ င်္ဗယာ​မိန်၊ န​ဿာ​လိ၊ ဂဒ်၊ အာ​ရှာ​ဟူ​၍ သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။

3. ယု​ဒ​တွင်​စု​စု​ပေါင်း​သား​ငါး​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး၊ ခါ​နာန်​အ​မျိုး​သ​မီး​ဖြစ်​သူ ရှု​အာ​နှင့်​ရ သော​သား​သုံး​ယောက်​တို့​ကား​ဧ​ရ၊ သြ​နန်​နှင့် ရှေ​လ​တို့​ဖြစ်​၏။ သူ​၏​သား​အ​ကြီး​ဆုံး​ဧ​ရ သည်​အ​လွန်​ဆိုး​ညစ်​သူ​ဖြစ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ကွပ်​မျက်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။-

4. ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။

5. ဖာ​ရက်​တွင်​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ​ဟူ​သော သား​နှစ်​ယောက်​ရှိ​၏။-

6. သူ​၏​ညီ​ဇာ​ရ​တွင်​ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။-

7. ကာ​မိ​၏​သား​အာ​ခန်​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သော​တိုက်​ခိုက်​သိမ်း​ယူ​ရ​ရှိ​သည့် ဝတ္ထု​ပစ္စည်း​ကို​ယူ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကပ်​ဆိုက်​ရ​ကြ​ကုန်​၏။

8. ဧ​သန်​တွင်​အ​ဇ​ရိ​ဟူ​သော​သား​တစ်​ယောက် ရှိ​၏။

9. ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

10. အာ​ရံ​မှ​ယေ​ရှဲ​တိုင်​အောင်​ဆွေ​စဉ်​မျိုး​ဆက်​ကား အာ​ရံ၊ အ​မိ​န​ဒပ်၊ (ယု​ဒ​အ​နွယ်​တွင်​ထင်​ပေါ် ကျော်​ကြား​သူ) နာ​ရှုန်၊

၁ ရာ​ချုပ် 2