ဒါဝိဒ်က``ဟာနုန်၏အဖနာဟတ်သည်သစ္စာ ရှိသောမိတ်ဆွေဖြစ်ကြောင်း ငါ့အားပြသခဲ့ သည့်နည်းတူငါသည်လည်းဟာနုန်အားပြသ ရပေမည်'' ဟုဆိုလျက်သူ၏ထံသို့ဝမ်းနည်း ကြေကွဲကြောင်းသဝဏ်လွှာကိုစေတမန်များ နှင့်ပေးပို့တော်မူလိုက်၏။ထိုသူတို့အမ္မုန်ပြည်သို့ရောက်ရှိကြသော အခါ ဟာနုန်မင်း၏ရှေ့သို့ဝင်ကြ၏။-