၁ ရာ​ချုပ် 17:3-8 Common Language Bible (BCL)

3. သို့​ရာ​တွင်​ထို​ည​၌​ဘု​ရား​သ​ခင်​သည်​နာ​သန် အား၊

4. ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ​သည် ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည့်​သူ​မ​ဟုတ်​ကြောင်း​ပြော​ကြား​လော့။-

5. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​အ​ဘယ် အ​ခါ​မျှ​ဗိ​မာန်​တော်​တွင်​မ​ကျိန်း​မ​ဝပ်​ခဲ့။ တဲ တော်​များ​တွင်​သာ​လျှင်​ကျိန်း​ဝပ်​၍ တစ်​နေ​ရာ မှ​တစ်​နေ​ရာ​သို့​ပြောင်း​ရွှေ့​ခဲ့​၏။-

6. ဣ​သ​ရေ​လ​ပြည်​သား​တို့​နှင့်​အ​တူ​လှည့်​လည် သွား​လာ​လေ​သ​မျှ​သော​အ​ရပ်​တို့​တွင် ငါ​သည် မိ​မိ​ခန့်​ထား​သော​မည်​သည့်​ခေါင်း​ဆောင်​ကို မျှ`သင်​တို့​သည်​ငါ​၏​အ​တွက်​အာ​ရစ်​သား ဗိ​မာန်​တော်​ကို အ​ဘယ်​ကြောင့်​မ​တည်​မ​ဆောက် သ​နည်း' ဟု​မေး​မြန်း​ခဲ့​ဖူး​သည်​မ​ရှိ။''

7. ``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။-

8. သင်​သွား​လေ​ရာ​ရာ​သို့​သင်​နှင့်​အ​တူ​ငါ​ရှိ ခဲ့​၏။ သင်​၏​လမ်း​မှ​ရန်​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ဖျက်​ဆီး​ခဲ့​၏။ ကမ္ဘာ​မြေ​ပေါ်​တွင် အ​ကြီး​မြတ်​ဆုံး​သူ​များ​နည်း​တူ​သင့်​ကို ငါ​ထင်​ပေါ်​ကျော်​ကြား​စေ​မည်။-

၁ ရာ​ချုပ် 17