၁ ရာ​ချုပ် 17:17-22 Common Language Bible (BCL)

17. သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဤ​ထက်​မ​က ပို​၍​ပင် ကျေး​ဇူး​ပြု​တော်​မူ​လျက်​ရှိ​ပါ​၏။ နောင်​လာ​လတ္တံ့​သော​နှစ်​များ​တွင်​ကျွန်​တော်​မျိုး ၏​သား​မြေး​တို့​အ​တွက် မည်​သို့​ပြု​တော်​မူ​မည် ကို​က​တိ​ထား​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကြီး​မြတ်​သူ​တစ်​ဦး​အ​ဖြစ်​ကြို တင်​၍​သိ​မှတ်​တော်​မူ​ပါ​ပြီ။-

18. ဤ​ထက်​ပို​၍​မည်​သို့​လျှောက်​ထား​ရ​ပါ​မည် နည်း။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​ကောင်း​စွာ​သိ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​အား ချီး​မြှင့်​မြှောက်​စား​တော်​မူ​ပါ​၏။-

19. အ​နာ​ဂတ်​ကာ​လ​၌​ကျွန်​တော်​မျိုး​ကြီး​မြတ် လာ​မည်​ကို​ဖော်​ပြ​ရန် ကျွန်​တော်​မျိုး​အ​တွက် အ​လို​တော်​နှင့်​အ​ကြံ​အ​စည်​တော်​အ​ရ ဤ သို့​ပြု​တော်​မူ​ခြင်း​ပင်​ဖြစ်​ပါ​၏။-

20. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။-

21. ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။-

22. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။

၁ ရာ​ချုပ် 17