1. ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
2. နာသန်က``အကြံအစည်တော်ရှိသည့်အတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည်အရှင်မင်း ကြီးနှင့်အတူရှိတော်မူပါ၏'' ဟုလျှောက်၏။
3. သို့ရာတွင်ထိုည၌ဘုရားသခင်သည်နာသန် အား၊
4. ``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူသည် ငါကျိန်းဝပ်ရန်ဗိမာန်တော်ကိုတည်ဆောက် ရမည့်သူမဟုတ်ကြောင်းပြောကြားလော့။-
5. ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါသည်အဘယ် အခါမျှဗိမာန်တော်တွင်မကျိန်းမဝပ်ခဲ့။ တဲ တော်များတွင်သာလျှင်ကျိန်းဝပ်၍ တစ်နေရာ မှတစ်နေရာသို့ပြောင်းရွှေ့ခဲ့၏။-
6. ဣသရေလပြည်သားတို့နှင့်အတူလှည့်လည် သွားလာလေသမျှသောအရပ်တို့တွင် ငါသည် မိမိခန့်ထားသောမည်သည့်ခေါင်းဆောင်ကို မျှ`သင်တို့သည်ငါ၏အတွက်အာရစ်သား ဗိမာန်တော်ကို အဘယ်ကြောင့်မတည်မဆောက် သနည်း' ဟုမေးမြန်းခဲ့ဖူးသည်မရှိ။''
7. ``သို့ဖြစ်၍ငါ၏အစေခံဒါဝိဒ်အား၊ အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည် ကား`ငါသည်သင့်အားသိုးတို့ကိုထိန်းကျောင်း ရာမှခေါ်ယူ၍ ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့၏ဘုရင်အဖြစ်ဖြင့်ချီး မြှောက်တော်မူခဲ့၏။-
8. သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
11. သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။-
12. သူသည်ငါ၏အတွက်ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်လိမ့်မည်။ ငါသည်လည်းသူ၏ မင်းဆက်ကိုထာဝစဉ်တည်မြဲစေမည်။-