၁ ရာ​ချုပ် 16:17-24 Common Language Bible (BCL)

17. ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။

18. ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

19. ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။

20. တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။

21. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။

22. ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။

23. ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ လော့။ကိုယ်​တော်​သည်​ငါ​တို့​အား​ကယ်​တော်​မူ​ကြောင်း သ​တင်း​ကောင်း​ကိုနေ့​စဉ်​နေ့​တိုင်း​ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။

24. လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။

၁ ရာ​ချုပ် 16