1. သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
2. ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
12-13. ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
15-16. ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသောအာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။