7. ဂေရရှုံသားချင်းစုမှလူတစ်ရာ့သုံးဆယ် ကိုခေါင်းဆောင်၍ယောလသည်၊-
8. ဧလိဇဖန်သားချင်းစုမှလူနှစ်ရာကို ခေါင်းဆောင်၍ရှေမာယသည်၊-
9. ဟေဗြုန်သားချင်းစုမှလူရှစ်ဆယ်ကိုခေါင်း ဆောင်၍ဧလျေလသည်၊-
10. သြဇေလသားချင်းစုမှလူတစ်ရာတစ်ဆယ့် နှစ်ယောက်ကိုခေါင်းဆောင်၍ အမိနဒပ်ရောက် ရှိလာ၏။
11. ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များဖြစ်ကြသော ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအနွယ်ဝင်များ ဖြစ်ကြသောသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလနှင့်အမိနဒပ်တို့ကို ခေါ်ယူတော်မူ၍၊-
12. သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
13. ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။