၁ ရာ​ချုပ် 15:22-27 Common Language Bible (BCL)

22. ခေ​န​နိ​သည်​ဂီ​တ​ပ​ညာ​တွင်​ကျွမ်း​ကျင် သူ​ဖြစ်​သ​ဖြင့် သူ့​အား​လေ​ဝိ​ဂီ​တ​ပ​ညာ သည်​တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ခန့်​ထား​ကြ​၏။-

23-24. ဗေ​ရ​ခိ​နှင့်​ဧ​လ​ကာ​န​တို့​အား သြ​ဗ​ဒေ​ဒုံ၊ ယေ​ဟိ​တို့​နှင့်​အ​တူ ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​တဲ​တော်​တံ​ခါး​စောင့်​များ​အ​ဖြစ် ဖြင့်​ရွေး​ချယ်​ခန့်​ထား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် များ​ဖြစ်​ကြ​သော​ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ တို့​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​တံ​ပိုး ခ​ရာ​မှုတ်​ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား ကြ​၏။

25. သို့​ဖြစ်​၍​ဒါဝိဒ်​မင်း​နှင့်​တ​ကွ​ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ၊ စစ်​ဘက်​ဆိုင်​ရာ​တပ်​မှူး များ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ရန်​အ​တွက်​သြ​ဗ​ဒေ​ဒုံ​၏​အိမ်​သို့​သွား​ကြ ပြီး​လျှင်​ခမ်း​နား​သော​ပွဲ​လမ်း​သ​ဘင်​တစ်​ရပ် ကို​ကျင်း​ပ​ကြ​၏။-

26. ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-

27. ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​ကောင်း​မွန်​သော​ပိတ် ချော​ထည်​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လေ​သည်။ ထို​နည်း​တူ​ဂီ​တ​ပ​ညာ​သည်​များ၊ သူ​တို့​၏ ခေါင်း​ဆောင်​ခေ​န​နိ​နှင့်၊ သေတ္တာ​တော်​ကို​ပင့် ဆောင်​ကြ​သူ​လေဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း ဝတ်​ဆင်​ထား​သ​တည်း။ ဒါ​ဝိဒ်​သည်​ပိတ်​ချော သင်​တိုင်း​ကို​လည်း​ဝတ်​ထား​သေး​၏။-

၁ ရာ​ချုပ် 15