2. ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
3. မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
4. ထိုနောက်မင်းကြီးသည်အာရုန်၏သားမြေး များနှင့် လေဝိအနွယ်ဝင်တို့ကိုခေါ်ယူတော် မူ၏။-
5. ကောဟတ်သားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍ဥရေလသည်၊-
6. မေရာရိသားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍အသာယသည်၊-
7. ဂေရရှုံသားချင်းစုမှလူတစ်ရာ့သုံးဆယ် ကိုခေါင်းဆောင်၍ယောလသည်၊-
8. ဧလိဇဖန်သားချင်းစုမှလူနှစ်ရာကို ခေါင်းဆောင်၍ရှေမာယသည်၊-
9. ဟေဗြုန်သားချင်းစုမှလူရှစ်ဆယ်ကိုခေါင်း ဆောင်၍ဧလျေလသည်၊-
10. သြဇေလသားချင်းစုမှလူတစ်ရာတစ်ဆယ့် နှစ်ယောက်ကိုခေါင်းဆောင်၍ အမိနဒပ်ရောက် ရှိလာ၏။