၁ ရာ​ချုပ် 15:1-11 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။-

2. ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-

3. မိ​မိ​အ​သင့်​ပြင်​ဆင်​ထား​သည့်​အ​ရပ်​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် ယေ​ရု ရှ​လင်​မြို့​တွင်​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း တို့​အား​စု​ရုံး​စေ​၏။-

4. ထို​နောက်​မင်း​ကြီး​သည်​အာ​ရုန်​၏​သား​မြေး များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ခေါ်​ယူ​တော် မူ​၏။-

5. ကော​ဟတ်​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​ဥ​ရေ​လ​သည်၊-

6. မေ​ရာ​ရိ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​အ​သာ​ယ​သည်၊-

7. ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​သုံး​ဆယ် ကို​ခေါင်း​ဆောင်​၍​ယော​လ​သည်၊-

8. ဧ​လိ​ဇ​ဖန်​သား​ချင်း​စု​မှ​လူ​နှစ်​ရာ​ကို ခေါင်း​ဆောင်​၍​ရှေ​မာ​ယ​သည်၊-

9. ဟေ​ဗြုန်​သား​ချင်း​စု​မှ​လူ​ရှစ်​ဆယ်​ကို​ခေါင်း ဆောင်​၍​ဧ​လျေ​လ​သည်၊-

10. သြ​ဇေ​လ​သား​ချင်း​စု​မှ​လူ​တစ်​ရာ​တစ်​ဆယ့် နှစ်​ယောက်​ကို​ခေါင်း​ဆောင်​၍ အ​မိ​န​ဒပ်​ရောက် ရှိ​လာ​၏။

11. ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​အ​နွယ်​ဝင်​များ ဖြစ်​ကြ​သော​သြ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ​နှင့်​အ​မိ​န​ဒပ်​တို့​ကို ခေါ်​ယူ​တော်​မူ​၍၊-

၁ ရာ​ချုပ် 15