6. ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။-
7. သူတို့သည်အဘိနဒပ်၏အိမ်မှ ပဋိညာဉ် သေတ္တာတော်ကိုထုတ်ယူပြီးနောက်လှည်းသစ် ပေါ်သို့တင်ကြ၏။ သြဇနှင့်အဟိသြတို့ ကထိုလှည်းကိုမောင်းလျက်-
8. ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။
9. ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-
10. ထာဝရဘုရားသည်ထိုခဏ၌အမျက်ထွက် တော်မူ၍ သြဇအားပဋိညာဉ်သေတ္တာတော်ကို တို့ထိသည့်အတွက်သေဒဏ်ပေးတော်မူ၏။ သြဇသည်ထိုအရပ်၌ပင်ဘုရားသခင်၏ ရှေ့တော်ဝယ်သေလေ၏။-
11. သို့ဖြစ်၍ထိုအရပ်ကိုပေရဇောဇဟုယနေ့ တိုင်အောင်ခေါ်ဝေါ်သမုတ်ကြသတည်း။ ယင်း သို့သြဇအားထာဝရဘုရားအမျက်တော် ထွက်၍ ဒဏ်ခတ်တော်မူသည့်အတွက်ဒါဝိဒ် သည်စိတ်နာလေ၏။
12. ထို့နောက်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက် ရွံ့တော်မူသဖြင့်``ယခုငါသည်ပဋိညာဉ် သေတ္တာတော်ကိုအဘယ်သို့လျှင်ယူဆောင် ရပါတော့မည်နည်း'' ဟုဆို၍။-
13. သေတ္တာတော်ကိုမိမိနှင့်အတူယေရုရှလင်မြို့ သို့မယူဆောင်တော့ချေ။ ယင်းသို့ယူဆောင်မည့် အစားသေတ္တာတော်ကိုဂိတ္တိမြို့သားသြဗ ဒေဒုံနာမည်ရှိသူတစ်ဦး၏အိမ်၌ထားခဲ့၏။-
14. သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှရှိနေ တော်မူ၍ ထာဝရဘုရားသည်သြဗဒေဒုံ၏ အိမ်ထောင်စုနှင့်သူပိုင်ဆိုင်သည့်အရာရှိသမျှ တို့ကိုကောင်းချီးပေးတော်မူ၏။