1. ဒါဝိဒ်မင်းသည်တစ်ထောင်တပ်နှင့် တစ်ရာတပ် တို့၏တပ်မှူးအားလုံးနှင့်ဆွေးနွေးတိုင်ပင်၏။-
2. ထိုနောက်စုရုံးလျက်ရှိသောဣသရေလပြည် သားတို့အား``သင်တို့သဘောတူညီ၍ငါတို့ ဘုရားသခင်ထာဝရဘုရားကလည်းအလို တော်ရှိမည်ဆိုပါက ကျန်ရှိနေသောအခြား ငါတို့အမျိုးသားအပေါင်းနှင့်မြို့ရွာများ ရှိယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များအား ဤအရပ်သို့အရောက်စုဝေးကြ ရန်စေတမန်များလွှတ်၍ခေါ်ဖိတ်ကြ ကုန်အံ့။-
3. ထိုနောက်ရှောလုနန်းစံခဲ့စဉ်အခါက လျစ် လူရှုထားခဲ့သည့်ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့သွား၍ယူဆောင်ကြကုန် အံ့'' ဟုကြေညာ၏။-
4. လူတို့သည်ဤအကြံကိုနှစ်သက်သဖြင့် သဘောတူလက်ခံကြ၏။