2. အတိတ်ကာလကရှောလုမင်းဘုရင်ဖြစ်စဉ် အခါ၌ပင်လျှင် အရှင်သည်ဣသရေလပြည် သားတို့အားရှေ့ဆောင်၍တိုက်ပွဲဝင်ခဲ့ပါ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရားက လည်း အရှင်သည်ကိုယ်တော့်လူမျိုးတော်၏ ခေါင်းဆောင်၊ သူတို့၏ဘုရင်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါ၏'' ဟုလျှောက်ထား ကြ၏။-
3. ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
4. ဒါဝိဒ်မင်းနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ချီတက်၍ ယေရုရှလင် မြို့ကိုတိုက်ခိုက်ကြ၏။ ထိုစဉ်အခါက ယေရုရှလင်မြို့သည်ယေဗုတ်မြို့ဟုနာမည် တွင်၏။ ထိုမြို့တွင်ပင်ကိုယ်ရှိရင်းစွဲယေဗုသိ မြို့သားတို့ပင်လျှင်နေထိုင်လျက်ရှိသေး၏။-
5. ယေဗုသိမြို့သားတို့ကဒါဝိဒ်မင်းအား``သင် သည်ဤမြို့ထဲသို့အဘယ်အခါ၌မျှဝင်ရ လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။ သိုရာတွင် ဒါဝိဒ်မင်းသည်သူတို့၏ဇိအုန်ခံတပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် ခံတပ်သည် ဒါဝိဒ်မြို့ဟူသောနာမည်ကိုရရှိလေသည်။-
6. ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
7. ဒါဝိဒ်မင်းသည်ထိုခံတပ်တွင်နေထိုင်ရန် သွားရောက်တော်မူသည်ကိုအစွဲပြု၍ ယင်း ကို``ဒါဝိဒ်မြို့'' ဟုခေါ်ဆိုသမုတ်ကြ သတည်း။-
8. မင်းကြီးသည်ဇိအုန်တောင်၏အရှေ့ဘက်၊ မြေကတုတ်ဖို့ထားသည့်အရပ်မှအစပြု ၍ခံတပ်ပတ်လည်တွင်မြို့ကိုပြန်လည်တည် ဆောက်တော်မူ၏။ ထိုမြို့ရှိကျန်သောအရပ် တို့ကိုမူယွာဘကပြုပြင်တည်ဆောက် ပေးလေသည်။-
9. ဒါဝိဒ်မင်းသည်တစ်နေ့တစ်ခြားတန်ခိုး ကြီးမား၍လာတော်မူ၏။ အဘယ်ကြောင့် ဆိုသော်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်မင်းကြီးနှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
10. အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။
11. သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
12. နာမည်ကျော်သူရဲကောင်းသုံးယောက်အပါ အဝင်ဒုတိယသူရဲကောင်းမှာအဟောဟိ သားချင်းစုဝင်၊ ဒေါဒေါ၏သားဧလဇာ ဖြစ်၏။-
13. သူသည်ပါသဒမ္မိမ်တိုက်ပွဲတွင်ဒါဝိဒ်နှင့် အတူ ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက် ခဲ့သူဖြစ်၏။ ဣသရေလအမျိုးသားတို့ တပ်လှန့်စပြုသောအခါသူသည်မုယော စပါးလယ်ပြင်တစ်ခုတွင်ရှိ၏။-
14. သို့ဖြစ်၍သူသည်မိမိ၏အဖော်များနှင့် လယ်ပြင်အလယ်တွင်ရပ်လျက် ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ခိုက်လေသည်။ ထာဝရ ဘုရားသည်သူ့အားကြီးစွာသောအောင်ပွဲ ကိုပေးတော်မူ၏။
15. တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။-
16. ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-
17. ဒါဝိဒ်မင်းသည်ပြည်တော်ကိုလွမ်းဆွတ် တော်မူသဖြင့်``ငါ့အားဗက်လင်မြို့တံခါး အနီးရှိရေတွင်းမှသောက်ရေတစ်ပေါက် လောက်ယူဆောင်ပေးမည့်သူရှိလျှင် အဘယ် မျှကောင်းလိမ့်မည်နည်း'' ဟုတောင့်တပြော ဆိုတော်မူ၏။-
18. ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-
19. ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။
20. ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
21. သူသည်ရဲဘော်သုံးကျိပ်တို့တွင်နာမည် အကြီးဆုံးဖြစ်၍ သူတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သို့ရာတွင်သူရဲကောင်း သုံးယောက်လောက်နာမည်မကြီးချေ။