19. ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။
20. ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
21. သူသည်ရဲဘော်သုံးကျိပ်တို့တွင်နာမည် အကြီးဆုံးဖြစ်၍ သူတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သို့ရာတွင်သူရဲကောင်း သုံးယောက်လောက်နာမည်မကြီးချေ။
22. ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
23. အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။-
24. ဤအမှုများသည်ရဲဘော်သုံးကျိပ်တွင် ပါဝင်သူ ဗေနာယ၏စွန့်စားခန်းများ ဖြစ်လေသည်။-
25. သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်း သူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်အပ်တော်မူ၏။