11. သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
12. နာမည်ကျော်သူရဲကောင်းသုံးယောက်အပါ အဝင်ဒုတိယသူရဲကောင်းမှာအဟောဟိ သားချင်းစုဝင်၊ ဒေါဒေါ၏သားဧလဇာ ဖြစ်၏။-
13. သူသည်ပါသဒမ္မိမ်တိုက်ပွဲတွင်ဒါဝိဒ်နှင့် အတူ ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက် ခဲ့သူဖြစ်၏။ ဣသရေလအမျိုးသားတို့ တပ်လှန့်စပြုသောအခါသူသည်မုယော စပါးလယ်ပြင်တစ်ခုတွင်ရှိ၏။-
14. သို့ဖြစ်၍သူသည်မိမိ၏အဖော်များနှင့် လယ်ပြင်အလယ်တွင်ရပ်လျက် ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ခိုက်လေသည်။ ထာဝရ ဘုရားသည်သူ့အားကြီးစွာသောအောင်ပွဲ ကိုပေးတော်မူ၏။
15. တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။-
16. ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-