၁ ရာ​ချုပ် 11:11-13 Common Language Bible (BCL)

11. သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-

12. နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-

13. သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။-

၁ ရာ​ချုပ် 11