4. သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
5. လုလင်ပျိုသည်ရှောလုကွယ်လွန်သွား ကြောင်းတွေ့မြင်သောအခါ မိမိကိုယ်ကို ဋ္ဌားပေါ်တွင်လှဲချကာသေလေ၏။-
6. ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။-
7. ယေဇရေလချိုင့်ဝှမ်းတွင်နေထိုင်ကြသော ဣသရေလအမျိုးသားတို့သည် မိမိတို့၏ စစ်သည်များတပ်လန့်၍သွားကြောင်းကိုလည်း ကောင်း၊ ရှောလုမင်းနှင့်သားတို့ကွယ်လွန်သွား ကြောင်းကိုလည်းကောင်းကြားသိလေသော် မိမိ တို့၏မြို့များကိုစွန့်ပစ်၍ထွက်ပြေးကြကုန် ၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည် လာ၍ထိုမြို့များကိုသိမ်းပိုက်ကြ၏။
8. တိုက်ပွဲပြီးဆုံးပြီးနောက်တစ်နေ့၌ ဖိလိတ္တိ အမျိုးသားတို့သည်အလောင်းကောင်များမှ ပစ္စည်းများကိုလုယူရန်လာကြသောအခါ ရှောလုနှင့်သားတို့၏အလောင်းများကို ဂိလဗောတောင်ထိပ်တွင်တွေ့ရှိကြ၏။-
9. သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။-
10. သူတို့သည်ရှောလု၏လက်နက်များကို မိမိတို့၏ဘုရားကျောင်းတွင်ထား၍ သူ ၏ဦးခေါင်းကိုဒါဂုန်ဗိမာန်တွင်ချိတ်ဆွဲ ထားကြ၏။-