သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။