34. အာဗြဟံ၏သားဣဇာက်တွင် ဧသောနှင့် ယာကုပ်ဟူ၍သားနှစ်ယောက်ရှိ၏။-
35. ဧသော၏သားများကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ နှင့်ကောရဖြစ်၏။-
36. ဧလိဖတ်သည် တေမန်၊ သြမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက်အနွယ်တို့၏ ဘိုးဘေးဖြစ်လာ၏။-
37. ရွေလသည်လည်း၊ နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇ အနွယ်တို့၏ဘိုးဘေးဖြစ်လာ၏။
38-42. ဧဒုံပြည်တွင်မူလနေထိုင်ကြသူများသည် အောက်ဖော်ပြပါစိရ၏သားများဖြစ်ကြ သောလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့မှဆင်းသက်လာသူများ ဖြစ်ပေသည်။လောတန်သည်ဟောရိနှင့်ဟေမံသားချင်းတို့၏ ဘိုးဘေးဖြစ်၏။ (လောတန်တွင်တိမနနာမည် တွင်သောနှမတစ်ယောက်ရှိ၏။)ရှောဗလသည် အာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖောနှင့်သြနံသားချင်းစုတို့၏ဘိုးဘေး ဖြစ်၏။ဇိဘောင်မှာအာယနှင့်အာနနာမည်တွင်သော သားနှစ်ယောက်ရှိ၏။အာန၏သားသည်ဒိရှုန်ဖြစ်၏။ဒိရှုန်သည် ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် သားချင်းစုတို့၏ဘိုးဘေးဖြစ်၏။ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်သား ချင်းစုတို့၏ဘိုးဘေးဖြစ်၏။ဒိရှန်သည်ဥဇနှင့်အာရန်သားချင်းစုတို့၏ ဘိုးဘေးဖြစ်၏။
43-50. ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။(သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။)မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊(သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။)
51. ဧဒုံပြည်သူများတွင်ပါဝင်ကြသောအနွယ် များမှာ တိမနာ၊ အာလဝ၊ ယေသက်၊-