2. ကာဣနန်၏သားသည်မဟာလေလ၊ မဟာ လေလ၏သားကားယာရက်တည်း။-
3. ယာရက်၏သားသည်ဧနောက်၊ ဧနောက်၏သား မှာမသုရှလ၊ မသုရှလ၏သားကားလာမက် ဖြစ်၏။-
4. လာမက်၏သားသည်နောဧဖြစ်၍နောဧတွင် ရှေမ၊ ဟာမ၊ ယာဖက်ဟူသောသားသုံးယောက် ရှိ၏။
5. ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
6. ဂေါမာမှဆင်းသက်လာသူများမှာအာရှ ကေနတ်၊ ရိဖတ်နှင့်တောဂါမအမျိုးသား များဖြစ်သတည်း။-
7. ယာဝန်မှဆင်းသက်လာသူများသည်ဧလိရှာ၊ တာရှု၊ ကိတ္တိမ်နှင့်ဒေါဒါနိမ်အမျိုးသားများ ဖြစ်ကြ၏။
8. ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
9. ကုရှမှဆင်းသက်လာသူများမှာသေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမနှင့်သတ္တေခါ အမျိုးသားများဖြစ်ပေသည်။ ရာဂမမှ ဆင်းသက်လာသူများသည်ရှေဘနှင့် ဒေဒန်အမျိုးသားများဖြစ်ကြ၏။-
14-16. ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
17. ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-
18. အာဖာဇဒ်၏သားသည် ရှာလ၊ ရှာလ၏သား မှာဟေဗာဖြစ်၏။-
19. ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ဖာလက်ဟုနာမည်တွင်၏။ အဘယ်ကြောင့်ဆို သော်သူ၏လက်ထက်တွင် ကမ္ဘာပေါ်ရှိလူတို့ သည်ကွဲသွားကြသောကြောင့်ဖြစ်၏။ အခြား သားတစ်ယောက်သည်ယုတ္တန်ဟုနာမည်တွင်၏။-
20. ယုတ္တန်မှဆင်းသက်လာသူများမှာ အာလ မောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊-
21. ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
22-23. သြဗာလ၊ အဘိမေလ၊ ရှေဘ၊ သြဖိရ၊ ဟဝိလနှင့်ယောဗပ်အမျိုးသားများဖြစ် သတည်း။
24. ရှေမမှအာဗြဟံအထိဆွေစဉ်မျိုးဆက် များမှာ ရှေမ၊ အာဖာဇဒ်၊ ရှာလ၊-
25-27. ဟေဗာ၊ ဖာလက်၊ ရာဂေါ၊- စေရောက်၊ နာခေါ်၊ တေရ နှင့်၊-အာဗြဟံဟုလည်းနာမည်တွင်သောအာဗြံ တို့ဖြစ်ကြ၏။
28. အာဗြဟံတွင်ဣဇာက်နှင့်ဣရှမေလဟူ၍ သားနှစ်ယောက်ရှိ၏။-