7. ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
8. သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ ချိန်မှ ယနေ့တိုင်သူတို့သည်ငါ့ကိုကျော ခိုင်းကာအခြားဘုရားများကိုဝတ်ပြု ကိုးကွယ်ကြ၏။ သူတို့သည်ငါ့အား အစဉ် ပြုခဲ့သည့်အတိုင်းယခုအခါသင့်ကို ပြုကြခြင်းသာဖြစ်၏။-
9. သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။
10. ရှမွေလသည်ဘုရင်ခန့်ပေးရန် မိမိထံ တောင်းဆိုသူတို့အား ထာဝရဘုရားမိန့် တော်မူသမျှတို့ကိုပြန်ကြားလေ၏။-