၁ ရာ 8:19-20-22 Common Language Bible (BCL)

2. သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။-

3. သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။

4. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊-

5. ``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-

6. ယင်း​သို့​ဘု​ရင်​ခန့်​ထား​ပေး​ရန်​လူ​တို့​တောင်း ဆို​ကြ​သည်​ကို ရှ​မွေ​လ​မ​နှစ်​သက်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-

7. ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သင့်​အား​ပြော သ​မျှ​စ​ကား​ကို​နား​ထောင်​လော့။ သူ​တို့​သင့် ကို​ပစ်​ပယ်​ကြ​သည်​မ​ဟုတ်၊ ငါ့​ကို​ပစ်​ပယ် ကြ​၏။ သူ​တို့​သည်​ငါ့​အား​မိ​မိ​တို့​၏ ဘု​ရင်​အ​ဖြစ်​မှ​ပစ်​ပယ်​ကြ​လေ​ပြီ။-

8. သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။-

9. သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။

19-20. လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-

21. ရှ​မွေ​လ​သည်​သူ​တို့​ပြော​သ​မျှ​ကို​နား​ထောင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဝင်​၍ လျှောက်​ထား​၏။-

22. ထာ​ဝ​ရ​ဘုရား​က``သူ​တို့​အ​လို​ရှိ​သည် အ​တိုင်း​ဘု​ရင်​ကို​ခန့်​ပေး​လော့'' ဟု​မိန့်​တော် မူ​လျှင်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ပြန်​သွား​စေ​၏။

၁ ရာ 8