4. ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင်သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-
5. အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
6. သင်တို့သည်အဘယ်ကြောင့်အီဂျစ်ဘုရင် နှင့် အီဂျစ်အမျိုးသားတို့ကဲ့သို့ခေါင်းမာ နေကြပါမည်နည်း။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုအီဂျစ်ပြည်မှထွက်ခွာ ခွင့်မပြုမချင်းဘုရားသခင်သည် သူတို့ အားအဘယ်သို့ဒဏ်ခတ်တော်မူခဲ့သည်ကို သင်တို့မမေ့ကြနှင့်။-