17. ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။-
18. သူတို့သည်ကြွက်ရုပ်များကိုလည်းဖိလိတ္တိ ဘုရင်များ အစိုးရသည့်ခံတပ်မြို့များနှင့် ကျေးရွာများအတွက် တစ်မြို့လျှင်တစ်ခု ကျစီဆက်သပေးပို့ကြ၏။ ဗက်ရှေမက် မြို့သားယောရှု၏လယ်၌ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်တင်ရာကျောက်တုံး ကြီးသည် ထိုစဉ်အခါကဖြစ်ပျက်ခဲ့သည့် အမှု၌အသိသက်သေအဖြစ်ဖြင့်ယနေ့ တိုင်အောင်တည်ရှိနေလေသည်။
19. ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။