8. ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-
9. ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။
10. ဖိလိတ္တိအမျိုးသားတို့သည် အပြင်းအထန် တိုက်ခိုက်သဖြင့် ဣသရေလအမျိုးသားတို့ သည် အရေးရှုံးနိမ့်၍မိမိတို့နေရပ်သို့ထွက် ပြေးကြကုန်၏။ ထိုတိုက်ပွဲသည်လူသတ်ပွဲ ဖြစ်လျက် ဣသရေလတပ်သားပေါင်းသုံး သောင်းမျှကျဆုံးသတည်း။-
11. ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ရန်သူတို့လက်သို့ကျရောက်သွား၏။ ဧလိ ၏သားဟောဖနိနှင့်ဖိနဟတ်တို့နှစ်ယောက် စလုံးလည်းအသတ်ခံရကြ၏။
12. ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-
13. ဧလိသည်ပဋိညာဉ်သေတ္တာတော်အတွက် လွန်စွာစိုးရိမ်ပူပန်သဖြင့် လမ်းနံဘေးရှိ မိမိ၏ထိုင်ခုံပေါ်တွင်ထိုင်ကာအကြောင် သားငေး၍နေ၏။ ပြေးလာသောသူသည်စစ် ရှုံးသည့်သတင်းကို မြို့ထဲတွင်ပြောကြား လိုက်ရာလူအပေါင်းတို့သည်ထိတ်လန့် လျက်ဟစ်အော်ကြကုန်၏။-
14. ဧလိသည်ထိုအော်ဟစ်သံကိုကြားသော်``ဤ အသံကားအသို့နည်း'' ဟုမေး၏။ ထိုသူသည် လည်းဧလိထံသို့အမြန်လာရောက်ပြီးလျှင် အကျိုးအကြောင်းကိုလျှောက်ထား၏။-
15. (ဧလိကားယခုအခါအသက်ကိုးဆယ် ရှစ်နှစ်ရှိ၍ မျက်စိကွယ်ခါနီးပြီ။-)
16. ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။ဧလိက``ငါ့သား၊ အရေးအခင်းကားမည် သို့နည်း'' ဟုမေး၏။-
17. သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။
18. ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။
19. ဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။-