၁ ရာ 30:6-9 Common Language Bible (BCL)

6. ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-

7. ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။-

8. ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။

9. သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-

၁ ရာ 30