၁ ရာ 30:1-6 Common Language Bible (BCL)

1. နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊-

2. အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။

3. ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊-

4. အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။-

5. ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။

6. ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-

၁ ရာ 30