7. သို့ဖြစ်၍သင်သည်အေးချမ်းစွာအိမ်သို့ပြန်၍ သူတို့မနှစ်သက်မည့်အမှုတစ်စုံတစ်ခုကိုမျှ မပြုပါနှင့်'' ဟုဆို၏။
8. ဒါဝိဒ်ကလည်း``အကျွန်ုပ်သည်အဘယ်အမှား ကိုပြုမိပါသနည်း။ အရှင်မိန့်ကြားသည့်အတိုင်း အရှင့်အမှုတော်ကိုစတင်ဆောင်ရွက်သည့်နေ့ မှစ၍ အကျွန်ုပ်အပေါ်တွင်အပြစ်တစ်စုံတစ် ရာမျှမတွေ့ရပါမူ အကျွန်ုပ်၏သခင်နှင့်ဘုရင် ဖြစ်သောကိုယ်တော်အတွက်အကျွန်ုပ်အဘယ် ကြောင့်လိုက်၍ ရန်သူတို့ကိုတိုက်ခိုက်ခွင့်မရ ပါသနည်း'' ဟုလျှောက်၏။
9. အာခိတ်ကလည်း``သင်၏စကားမှန်ကန်ပါ ပေသည်။ ငါသည်သင့်အားဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့သစ္စာရှိသူဟုမှတ် ယူပါ၏။ သို့ရာတွင်အခြားဘုရင်တို့က သင့်အားငါတို့နှင့်အတူစစ်ပွဲဝင်ခွင့်မပေး နိုင်သဖြင့်၊-
10. ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။
11. ထို့ကြောင့်ဒါဝိဒ်တို့လူစုသည်နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖိလိတ္တိပြည်သို့ပြန် သွားကြ၏။ ဖိလိတ္တိအမျိုးသားတို့လည်း ယေဇရေလမြို့သို့ချီတက်ကြ၏။