၁ ရာ 29:5-11 Common Language Bible (BCL)

5. အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။

6. အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။-

7. သို့​ဖြစ်​၍​သင်​သည်​အေး​ချမ်း​စွာ​အိမ်​သို့​ပြန်​၍ သူ​တို့​မ​နှစ်​သက်​မည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ပါ​နှင့်'' ဟု​ဆို​၏။

8. ဒါ​ဝိဒ်​က​လည်း``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှား ကို​ပြု​မိ​ပါ​သ​နည်း။ အ​ရှင်​မိန့်​ကြား​သည့်​အ​တိုင်း အ​ရှင့်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက်​သည့်​နေ့ မှ​စ​၍ အ​ကျွန်ုပ်​အ​ပေါ်​တွင်​အ​ပြစ်​တစ်​စုံ​တစ် ရာ​မျှ​မ​တွေ့​ရ​ပါ​မူ အ​ကျွန်ုပ်​၏​သ​ခင်​နှင့်​ဘု​ရင် ဖြစ်​သော​ကိုယ်​တော်​အ​တွက်​အ​ကျွန်ုပ်​အ​ဘယ် ကြောင့်​လိုက်​၍ ရန်​သူ​တို့​ကို​တိုက်​ခိုက်​ခွင့်​မ​ရ ပါ​သ​နည်း'' ဟု​လျှောက်​၏။

9. အာ​ခိတ်​က​လည်း``သင်​၏​စ​ကား​မှန်​ကန်​ပါ ပေ​သည်။ ငါ​သည်​သင့်​အား​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့​သစ္စာ​ရှိ​သူ​ဟု​မှတ် ယူ​ပါ​၏။ သို့​ရာ​တွင်​အ​ခြား​ဘု​ရင်​တို့​က သင့်​အား​ငါ​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ခွင့်​မ​ပေး နိုင်​သ​ဖြင့်၊-

10. ဒါ​ဝိဒ်၊ သင်​နှင့်​တ​ကွ​ရှော​လု​ထံ​မှ​ငါ့​ထံ​သို့ ပြောင်း​ရွှေ့​လာ​ကြ​သူ​အ​ပေါင်း​တို့​သည် နက်​ဖြန် နံ​နက်​စော​စော​ထ​၍​မိုး​လင်း​လျှင်​လင်း​ချင်း ထွက်​ခွာ​သွား​ကြ​လော့'' ဟု​ပြန်​ပြော​၏။

11. ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။

၁ ရာ 29