11. နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
12. နတ်ဝင်သည်မသည်ရှမွေလကိုမြင်လျှင် အသံကုန်အော်၍ရှောလုအား``အဘယ်ကြောင့် ကျွန်မအားလိမ်လည်လှည့်စားတော်မူပါ သနည်း။ အရှင်ကားရှောလုဘုရင်ပင်ဖြစ် ပါသည်တကား'' ဟုဆို၏။
13. မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊
14. ရှောလုက``ထိုသူသည်အဘယ်သို့အဆင်း သဏ္ဌာန်ရှိပါသနည်း'' ဟုမေးတော်မူ၏။အမျိုးသမီးက``ထိုသူသည်အိုမင်းသူတစ် ဦးဖြစ်၍ဝတ်လုံကိုခြုံထားပါ၏'' ဟုဖြေ ကြား၏။ ထိုအခါရှောလုသည်ရှမွေလ ဖြစ်ကြောင်းကိုသိသဖြင့် ရိုသေစွာမြေသို့ ဦးညွှတ်လျက်နေ၏။
15. ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
16. ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။-
17. ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။-
18. သင်သည်ထာဝရဘုရား၏အမိန့်တော်ကို လွန်ဆန်၍ အာမလက်အမျိုးသားများနှင့် သူတို့၏ပစ္စည်းဥစ္စာရှိသမျှတို့ကိုအကုန် အစင်မဖျက်ဆီးသဖြင့် ယခုထာဝရ ဘုရားသည်သင့်အားဤသို့ဒဏ်ခတ်တော် မူခြင်းဖြစ်၏။-
19. ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။