၁ ရာ 28:1-4 Common Language Bible (BCL)

1. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊

2. ဒါ​ဝိဒ်​က``မှန်​လှ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အ​ဘယ်​သို့​စွမ်း ဆောင်​နိုင်​သည်​ကို​ကိုယ်​တော်​တွေ့​မြင်​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။အာ​ခိတ်​က​လည်း``ကောင်း​ပြီ။ သင့်​အား​ငါ ၏​အ​မြဲ​တမ်း​သက်​တော်​စောင့်​အ​ဖြစ်​ခန့် ထား​မည်'' ဟု​ဆို​၏။

3. ရှ​မွေ​လ​ကွယ်​လွန်​ရာ​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သည်​ငို​ကြွေး​မြည်​တမ်း​လျက် သူ​၏​နေ​ရင်း​ဌာ​န​ရာ​မ​မြို့​တွင်​သူ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ကြ​၏။ ရှော​လု​သည်​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​ဣ​သ​ရေ​လ ပြည်​မှ​နှင်​ထုတ် ထား​တော်​မူ​ခဲ့​၏။

4. ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-

၁ ရာ 28