၁ ရာ 25:33-44 Common Language Bible (BCL)

33. လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။-

34. ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဘေး​အန္တ​ရာယ် မ​ပြု​မိ​စေ​ရန်​လည်း ငါ့​အား​ဆီး​တား​တော်​မူ လေ​ပြီ။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​ငါ့​ထံ သို့​အ​လျင်​အ​မြန်​မ​ရောက်​လာ​ပါ​မူ နက်​ဖြန် နံ​နက်​မ​တိုင်​မီ​နာ​ဗ​လ​၏​လူ​အ​ပေါင်း​တို့​အား ငါ​သတ်​မိ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​၏'' ဟု​ပြော​၏။-

35. ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​ယူ​ဆောင် လာ​သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပြီး လျှင်​သူ့​အား``သင်​ပြု​စေ​လို​သည့်​အ​တိုင်း ငါ​ပြု​မည်။ စိုး​ရိမ်​မှု​မ​ရှိ​ဘဲ​အိမ်​သို့​ပြန် လော့'' ဟု​ဆို​၏။

36. အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။-

37. ထို​နောက်​အ​ရက်​မူး​ပြေ​၍​လာ​သော​အ​ခါ​၌ မူ သူ့​အား​ဇ​နီး​သည်​က​ဖြစ်​သ​မျှ​သော​အ​မှု တို့​ကို​ပြော​ပြ​လေ​သည်။ ထို​အ​ခါ​သူ​သည် လေ​ဖြတ်​သ​ဖြင့်​တစ်​ကိုယ်​လုံး​မ​လှုပ်​မ​ရှား နိုင်​တော့​ချေ။-

38. ဆယ်​ရက်​ခန့်​ကြာ​သော်​ထာ​ဝ​ရ​ဘု​ရား​ဒဏ် ခတ်​တော်​မူ​သ​ဖြင့်​နာ​ဗ​လ​ကွယ်​လွန်​လေ​၏။

39. ဒါ​ဝိဒ်​သည် နာ​ဗ​လ​ကွယ်​လွန်​ကြောင်း​ကြား သိ​ရ​သော​အ​ခါ``ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော် သည်​နာ​ဗ​လ​ငါ့​ကို​စော်​ကား​သည့်​အ​တွက် လက်​စား​ချေ​တော်​မူ​၍​ကိုယ်​တော်​၏​အ​စေ​ခံ ငါ့​ကို​လည်း​မိုက်​မှား​မှု​မ​ပြု​ရန်​ဆီး​တား တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နာ​ဗ​လ ပြု​သည့်​ဒု​စ​ရိုက်​အ​တွက် သူ့​ကို​ဒဏ်​ခတ် တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​အား မိ​မိ နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရန်​လူ​လွှတ်​၍​စ​ကား ကမ်း​လှမ်း​လိုက်​လေ​သည်။-

40. သူ​၏​အ​စေ​ခံ​တို့​သည်​က​ရ​မေ​လ​မြို့​သို့ သွား​ပြီး​လျှင် အ​ဘိ​ဂဲ​လ​အား``ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့် သ​ခင်​မ​အား​ခေါ်​ဆောင်​ခဲ့​ရန်​ကျွန်​တော်​တို့ အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ပြော​ကြား ကြ​၏။

41. အ​ဘိ​ဂဲ​လ​သည် မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပြီး​လျှင်``ကျွန်​မ​သည်​ထို​သခင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သူ့​အ​စေ​ခံ​များ​၏​ခြေ​ကို​ပင် ဆေး​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​ဆို​ကာ၊-

42. လျင်​မြန်​စွာ​ထ​၍​မြည်း​ကို​စီး​လေ​၏။ ထို နောက်​အ​မျိုး​သ​မီး​အ​စေ​ခံ​ငါး​ယောက် ကို​ခေါ်​၍ ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​နှင့်​အ​တူ လိုက်​သွား​ပြီး​လျှင် ဒါ​ဝိဒ်​၏​ဇ​နီး​အ​ဖြစ် ခံ​ယူ​လေ​သည်။

43. ဒါ​ဝိဒ်​သည်​ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင် နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ထား​ပြီး​ဖြစ်​သော် လည်း ယ​ခု​အဘိ​ဂဲ​လ​အား​လည်း​မိ​မိ​၏ ဇ​နီး​အ​ဖြစ်​ဖြင့်​သိမ်း​ပိုက်​လိုက်​၏။-

44. ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် ဒါ​ဝိဒ်​၏ ဇ​နီး​ဟောင်း၊ မိ​မိ​၏​သ​မီး​တော်​မိ​ခါ​လ အား​ဂလ္လိမ်​မြို့​မှ​လဲ​ရှ​၏​သား​ဖာ​လ​တိ​နှင့် ထိမ်း​မြား​ပေး​စား​ပြီး​ဖြစ်​သ​တည်း။

၁ ရာ 25