30. ထာဝရဘုရားသည်မိမိကတိထားတော်မူ သမျှသောကောင်းကျိုးချမ်းသာများကို အရှင် အားမုချပေးတော်မူ၍ဣသရေလဘုရင် အဖြစ်ဖြင့်ဘိသိက်သွန်းတော်မူသောအခါ၊-
31. အရှင်သည်မိမိပြုခဲ့သည့်လက်စားချေမှုနှင့် အကြောင်းမဲ့သတ်ဖြတ်မှုတို့အတွက်ဝမ်းနည်း ရလိမ့်မည်မဟုတ်ပါ။ နောင်တရရန်အကြောင်း လည်းရှိလိမ့်မည်မဟုတ်ပါ။ အရှင်ပြုသည့်အမှု မှန်သမျှကိုထာဝရဘုရားကောင်းချီးပေး တော်မူသောအခါ ကျွန်တော်မအားသတိရ တော်မူပါ။''
32. ဒါဝိဒ်ကလည်း``ယနေ့သင့်အားငါ့ထံသို့ စေလွှတ်တော်မူသော ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။-