29. အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
30. ထာဝရဘုရားသည်မိမိကတိထားတော်မူ သမျှသောကောင်းကျိုးချမ်းသာများကို အရှင် အားမုချပေးတော်မူ၍ဣသရေလဘုရင် အဖြစ်ဖြင့်ဘိသိက်သွန်းတော်မူသောအခါ၊-
31. အရှင်သည်မိမိပြုခဲ့သည့်လက်စားချေမှုနှင့် အကြောင်းမဲ့သတ်ဖြတ်မှုတို့အတွက်ဝမ်းနည်း ရလိမ့်မည်မဟုတ်ပါ။ နောင်တရရန်အကြောင်း လည်းရှိလိမ့်မည်မဟုတ်ပါ။ အရှင်ပြုသည့်အမှု မှန်သမျှကိုထာဝရဘုရားကောင်းချီးပေး တော်မူသောအခါ ကျွန်တော်မအားသတိရ တော်မူပါ။''
32. ဒါဝိဒ်ကလည်း``ယနေ့သင့်အားငါ့ထံသို့ စေလွှတ်တော်မူသော ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။-
33. လူသတ်မှုနှင့်လက်စားချေမှုတို့ကိုမပြုမိ စေရန် သင်သည်ယနေ့အမြော်အမြင်ကြီးစွာ ဖြင့် ငါ့အားဆီးတားခဲ့သည့်အတွက်ငါသည် ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ပါ၏။-
34. ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-
35. ထိုနောက်ဒါဝိဒ်သည်အဘိဂဲလယူဆောင် လာသောလက်ဆောင်များကိုလက်ခံပြီး လျှင်သူ့အား``သင်ပြုစေလိုသည့်အတိုင်း ငါပြုမည်။ စိုးရိမ်မှုမရှိဘဲအိမ်သို့ပြန် လော့'' ဟုဆို၏။
36. အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။-
37. ထိုနောက်အရက်မူးပြေ၍လာသောအခါ၌ မူ သူ့အားဇနီးသည်ကဖြစ်သမျှသောအမှု တို့ကိုပြောပြလေသည်။ ထိုအခါသူသည် လေဖြတ်သဖြင့်တစ်ကိုယ်လုံးမလှုပ်မရှား နိုင်တော့ချေ။-
38. ဆယ်ရက်ခန့်ကြာသော်ထာဝရဘုရားဒဏ် ခတ်တော်မူသဖြင့်နာဗလကွယ်လွန်လေ၏။
39. ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
40. သူ၏အစေခံတို့သည်ကရမေလမြို့သို့ သွားပြီးလျှင် အဘိဂဲလအား``ဒါဝိဒ်သည် သခင်မနှင့်ထိမ်းမြားလက်ထပ်လိုသဖြင့် သခင်မအားခေါ်ဆောင်ခဲ့ရန်ကျွန်တော်တို့ အားစေလွှတ်လိုက်ပါသည်'' ဟုပြောကြား ကြ၏။
41. အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
42. လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
43. ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။-