၁ ရာ 25:14-22 Common Language Bible (BCL)

2-3. ကာ​လက်​သား​ချင်း​စု​တွင်​မော​န​မြို့​သား နာ​ဗ​လ​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည် က​ရ​မေ​လ​မြို့​အ​နီး​တွင်​နေ​ထိုင်​သော​မြေ ပိုင်​ရှင်​ဖြစ်​သည်။ သူ​သည်​သိုး​သုံး​ထောင်​နှင့် ဆိတ်​တစ်​ထောင်​ကို​ပိုင်​သ​ဖြင့် အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​၏။ သူ​၏​ဇ​နီး​အ​ဘိ​ဂဲ​လ သည်​အ​ဆင်း​လှ​၍ ပ​ညာ​အ​မြော်​အ​မြင်​ရှိ သူ​အ​မျိုး​သ​မီး​ဖြစ်​၏။ နာ​ဗ​လ​မူ​ကား သ​ဘော​ယုတ်​၍​ရိုင်း​ပြ​သူ​ဖြစ်​သ​တည်း။နာ​ဗ​လ​သည်​က​ရ​မေ​လ​မြို့​တွင်​မိ​မိ​၏​သိုး များ​ကို​အ​မွေး​ညှပ်​လျက်​နေ​၏။-

14. နာ​ဗ​လ​၏​အ​စေ​ခံ​တစ်​ဦး​က နာ​ဗ​လ​၏ ဇ​နီး​အ​ဘိ​ဂဲ​လ​အား``ဤ​အ​ကြောင်း​ကို သ​ခင်​မ​ကြား​ပြီး​ပါ​ပြီ​လော။ ဒါ​ဝိဒ်​သည် တော​ကန္တာ​ရ​မှ​နေ​၍ ကျွန်​တော်​တို့​၏​သ​ခင် ထံ​သို့​စေ​တ​မန်​တို့​ကို​လွှတ်​ကာ​နှုတ်​ဆက် ပါ​၏။ သို့​ရာ​တွင်​သ​ခင်​က​ထို​သူ​တို့​အား စော်​ကား​မော်​ကား​ပြော​ဆို​လိုက်​ပါ​၏။-

15. သူ​တို့​သည်​ကား​ကျွန်​တော်​တို့​အား​များ​စွာ ကျေး​ဇူး​ပြု​သူ​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ ၌​မျှ​ကျွန်​တော်​တို့​အား​အ​နှောင့်​အ​ယှက်​မ ပေး​ခဲ့​ကြ​ပါ။ ကျွန်​တော်​တို့​သည်​သူ​တို့​နှင့် အ​တူ​ကွင်း​ထဲ​တွင်​ရှိ​နေ​စဉ်​အ​ခါ​များ​၌ လည်း တစ်​စုံ​တစ်​ရာ​မျှ​ပျောက်​ဆုံး​ခဲ့​သည် ဟူ​၍​ပင်​မ​ရှိ​ပါ။-

16. သိုး​အုပ်​များ​ကို​ကျွန်​တော်​တို့​ထိန်း​ကျောင်း လျက်​နေ​စဉ် သူ​တို့​သည်​ကျွန်​တော်​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​ခဲ့​ကြ​ပါ​၏။-

17. ဤ​အ​မှု​ကို​ဆင်​ခြင်​စဉ်း​စား​၍​အ​ဘယ်​သို့ ပြု​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့။ ဤ​ကိစ္စ သည်​ကျွန်​တော်​တို့​၏​သ​ခင်​နှင့်​အိမ်​ထောင်​စု တစ်​ခု​လုံး​ကို​ဘေး​ဥ​ပဒ်​ပေး​နိုင်​ပါ​သည်။ ကျွန်​တော်​တို့​၏​သ​ခင်​သည်​စိတ်​သ​ဘော ထား​သေး​သိမ်​သူ​ဖြစ်​၍ အ​ဘယ်​သူ​၏ စ​ကား​ကို​မျှ​နား​ထောင်​လိမ့်​မည်​မ​ဟုတ် ပါ'' ဟု​ဆို​၏။

18. အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။-

19. ထို​နောက်​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​ရှေ့ မှ​သွား​နှင့်​ကြ။ ငါ​နောက်​က​လိုက်​ခဲ့​မည်'' ဟု ဆို​၏။ မိ​မိ​၏​ခင်​ပွန်း​နာ​ဗ​လ​ကို​မူ​အ​သိ မ​ပေး​ချေ။

20. သူ​သည်​မြည်း​ကို​စီး​၍​လာ​ရာ​တောင်​ခြေ​လမ်း ကွေ့​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​ထံ​သို့​ဦး​တည် လာ​နေ​သော​ဒါ​ဝိဒ်​တို့​လူ​စု​နှင့်​ရုတ်​တ​ရက် ဆုံ​မိ​လေ​၏။-

21. ထို​သို့​မ​ဆုံ​မိ​ခင်​ဒါ​ဝိဒ်​က ဤ​သို့​ဆို​၏။ ``အ​ဘယ် ကြောင့်​တော​ကန္တာ​ရ​တွင် ထို​လူ​၏​ပစ္စည်း​ဥစ္စာ​များ ကို​ငါ​စောင့်​ထိန်း​ပေး​ခဲ့​မိ​ပါ​သ​နည်း။ ယင်း​သို့ သူ့​အား​ကူ​ညီ​စောင့်​ရှောက်​ခဲ့​သ​ဖြင့် ဤ​သို့​ငါ့ အား​ကျေး​ဇူး​ကန်း​လေ​ပြီ​တ​ကား။-

22. မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။''

၁ ရာ 25