2-3. ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
11. သိုးမွေးညှပ်သူတို့အတွက်ပြင်ဆင်ထားသည့် ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍လေလွင့် နေသူတို့အားမပေးနိုင်'' ဟုပြန်၍ပြော၏။
12. ဒါဝိဒ်၏လူတို့သည်ပြန်လာပြီးလျှင် နာဗလ ပြောဆိုလိုက်သောစကားကိုဒါဝိဒ်အား ပြောပြကြ၏။-
13. ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။
14. နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။-
15. သူတို့သည်ကားကျွန်တော်တို့အားများစွာ ကျေးဇူးပြုသူများဖြစ်ပါ၏။ အဘယ်အခါ ၌မျှကျွန်တော်တို့အားအနှောင့်အယှက်မ ပေးခဲ့ကြပါ။ ကျွန်တော်တို့သည်သူတို့နှင့် အတူကွင်းထဲတွင်ရှိနေစဉ်အခါများ၌ လည်း တစ်စုံတစ်ရာမျှပျောက်ဆုံးခဲ့သည် ဟူ၍ပင်မရှိပါ။-
16. သိုးအုပ်များကိုကျွန်တော်တို့ထိန်းကျောင်း လျက်နေစဉ် သူတို့သည်ကျွန်တော်တို့အား ကွယ်ကာစောင့်ရှောက်ခဲ့ကြပါ၏။-
17. ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
18. အဘိဂဲလသည်မုန့်အလုံးနှစ်ရာ၊ စပျစ်ရည် အပြည့်ရှိသောသားရေဘူးနှစ်ဘူး၊ သိုးကင် ငါးကောင်၊ ပေါက်ပေါက်နှစ်တင်း၊ စပျစ်သီးခြောက် အပြွတ်တစ်ရာနှင့်သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို အလျင်အမြန်စုဆောင်း ပြီးလျှင်မြည်းများအပေါ်သို့တင်၏။-
19. ထိုနောက်သူ၏အစေခံတို့အား``သင်တို့ရှေ့ မှသွားနှင့်ကြ။ ငါနောက်ကလိုက်ခဲ့မည်'' ဟု ဆို၏။ မိမိ၏ခင်ပွန်းနာဗလကိုမူအသိ မပေးချေ။
20. သူသည်မြည်းကိုစီး၍လာရာတောင်ခြေလမ်း ကွေ့သို့ရောက်သောအခါ မိမိ၏ထံသို့ဦးတည် လာနေသောဒါဝိဒ်တို့လူစုနှင့်ရုတ်တရက် ဆုံမိလေ၏။-
21. ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။-
22. မိုးမလင်းမီသူတို့အားတစ်ယောက်မကျန် ငါမသတ်ပါမူ ဘုရားသခင်သည်ငါ့အား အဆုံးစီရင်တော်မူပါစေသော။''
23-24. အဘိဂဲလသည်ဒါဝိဒ်ကိုမြင်လျှင်ဆောလျင် စွာမြည်းပေါ်မှဆင်း၍ ဒါဝိဒ်၏ခြေရင်းတွင် မြေပေါ်သို့လှဲချကာ ဤသို့လျှောက်၏။ ``အရှင်၊ ကျေးဇူးပြု၍ကျွန်မ၏စကားကိုနားထောင် တော်မူပါ။ ဖြစ်ခဲ့သမျှအမှုအတွက်ကျွန်မ ကိုပင်အပြစ်တင်တော်မူပါ။-
25. အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-
26. ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-