၁ ရာ 25:1-10 Common Language Bible (BCL)

1. ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-

4. ထို​အ​ကြောင်း​ကို​တော​ကန္တာ​ရ​ရှိ​ဒါ​ဝိဒ်​ကြား သိ​ရ​သ​ဖြင့်၊-

5. က​ရ​မေ​လ​မြို့​သို့​လူ​ငယ်​လူ​ရွယ်​ဆယ်​ယောက် ကို​စေ​လွှတ်​ကာ``သင်​တို့​သည်​နာ​ဗ​လ​ကို​ရှာ​၍ ငါ့​ကိုယ်​စား​နှုတ်​ဆက်​ကြ​လော့။-

6. သူ့​အား​ဤ​သို့​ပြော​ကြား​လော့။ `ချစ်​မိတ်​ဆွေ၊ ဒါ​ဝိဒ်​သည်​သင့်​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင် နှင့်​တ​ကွ​သင်​၏​အိမ်​ထောင်​စု​သား​များ​သည် လည်း​ကောင်း၊ သင်​နှင့်​သက်​ဆိုင်​သူ​အ​ပေါင်း​တို့ သည်​လည်း​ကောင်း ကျန်း​မာ​ချမ်း​သာ​ကြ​စေ ရန်​ဆု​တောင်း​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။-

7. သင်​သည်​သိုး​များ​ကို​အ​မွေး​ညှပ်​လျက်​နေ ကြောင်း​ကြား​သိ​ရ​သ​ဖြင့် ဒါ​ဝိဒ်​က​သင်​၏ သိုး​ထိန်း​တို့​သည်​ကျွန်​တော်​တို့​ရှိ​ရာ​အ​ရပ် တွင် သိုး​များ​ကို​ထိန်း​ကျောင်း​နေ​ကြ​သော် လည်း ကျွန်​တော်​တို့​သည်​သူ​တို့​အား​ဘေး အန္တ​ရာယ်​မ​ပြု​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည်​က​ရ​မေ​လ​မြို့​တွင်​ရှိ​နေ​စဉ် အ​တော​အ​တွင်း​၌ မည်​သည့်​အ​ရာ​တစ် စုံ​တစ်​ခု​မျှ​ခိုး​ဝှက်​ခြင်း​မ​ခံ​ရ​ကြ ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​သိ​စေ လို​ပါ​သည်။-

8. ဤ​အ​ကြောင်း​ကို​သိုး​ထိန်း​တို့​အား​မေး​မြန်း လျှင်​သင်​သိ​ရှိ​နိုင်​ပါ​လိမ့်​မည်။ ကျွန်​တော်​တို့ သည်​ဤ​ပွဲ​နေ့​၌​ဤ​အ​ရပ်​သို့​လာ​ပါ​ပြီ။ ဒါ​ဝိဒ်​က​ကျွန်​တော်​တို့​အား​ကြို​ဆို​ဧည့်​ခံ ပါ​ရန်​ပန်​ကြား​လိုက်​ပါ​၏။ သင်​၏​အ​စေ​ခံ ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ သင်​၏​မိတ် ဆွေ​ဒါ​ဝိဒ်​အား​လည်း​ကောင်း​သင်​ပေး​နိုင် သည့်​အ​ရာ​ကို​ကျေး​ဇူး​ပြု​၍​ပေး​ပါ​လော့။'

9. ယင်း​သို့​ညွှန်​ကြား​လိုက်​သည့်​အ​တိုင်း​ဒါ​ဝိဒ် ၏​လူ​တို့​သည် နာ​ဗ​လ​အား​နှုတ်​ဆက်​ပြော ကြား​ပြီး​လျှင်​စောင့်​ဆိုင်း​၍​နေ​ကြ​၏။-

10. နာ​ဗ​လ​က​လည်း``ဒါ​ဝိဒ်​ဆို​သူ​မှာ​အ​ဘယ် သူ​နည်း။ သူ​၏​အကြောင်း​ကို​ငါ​တစ်​ခါ​မျှ မ​ကြား​ဘူး​ပါ​တ​ကား။ ယ​ခု​ခေတ်​အ​ခါ ၌​တိုင်း​ပြည်​သည်​ကျွန်​ပြေး​များ​နှင့်​ပြည့် နှက်​လျက်​ရှိ​နေ​လေ​ပြီ။-

၁ ရာ 25