၁ ရာ 24:5-9 Common Language Bible (BCL)

5. သို့​ရာ​တွင်​ယင်း​သို့​ပြု​မိ​သည့်​အ​တွက် ဒါ​ဝိဒ် လိပ်​ပြာ​မ​သန့်​ဖြစ်​လာ​၏။-

6. ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-

7. သို့​ဖြစ်​၍​ရှော​လု​အား​တိုက်​ခိုက်​ရန်​မ​သင့် ကြောင်း မိ​မိ​၏​လူ​တို့​ကို​ဒါ​ဝိဒ်​က​ကောင်း စွာ​နား​လည်​သ​ဘော​ပေါက်​စေ​လေ​သည်။ရှော​လု​သည်​ထ​၍​ဂူ​မှ​ထွက်​သွား​လေ​၏။-

8. ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

9. ဤ​သို့​လျှောက်​တင်​၏။ ``အ​ကျွန်ုပ်​သည်​အ​ရှင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြိုး​စား​နေ​သည် ဟု လူ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို​အ​ရှင် အ​ဘယ်​ကြောင့်​ယုံ​တော်​မူ​ပါ​သ​နည်း။-

၁ ရာ 24