12. အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။-
13. `ယုတ်မာမှုကိုယုတ်မာသူတို့သာလျှင်ပြု ကျင့်တတ်၏' ဟူသောရှေးစကားပုံကိုအရှင် သိတော်မူပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည် အရှင့်အားဘေးအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါ။-
14. ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-
15. အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။
16. ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။-
17. ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။-
18. ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။-
19. လူသည်မိမိရန်သူကိုဖမ်းဆီးရမိပြီး နောက် ဘယ်အခါ၌ချမ်းသာပေးဖူးပါ သနည်း။ ယနေ့ငါ့အားသင်ပြုသောအမှု အတွက် ဘုရားသခင်သင့်ကိုကောင်းချီး ပေးတော်မူပါစေသော။-
20. သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
21. သို့ရာတွင်ငါ၏နာမည်နှင့်ငါ့အိမ်ထောင်စုနာ မည်သည်လုံးဝပျောက်ကွယ်၍မသွားစေရန် သင်သည်ငါ့သားမြေးတို့အားအသက်ချမ်း သာပေးပါမည်ဟု ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ငါ့အားကတိပြုပါ လော့'' ဟုဆိုလျှင်၊-
22. ဒါဝိဒ်သည်ကတိပြုလေ၏။ထိုနောက်ရှောလုသည်မိမိ၏နန်းတော်သို့ ပြန်၍ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်မိမိ တို့ပုန်းအောင်းရာအရပ်သို့ထွက်သွားကြ၏။