၁ ရာ 24:1-10 Common Language Bible (BCL)

1. ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ် တိုက်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ အင်္ဂေ​ဒိ​မြို့​အ​နီး​ရှိ​တော​ကန္တာ​ရ​တွင်​ဒါ​ဝိဒ် ရှိ​နေ​ကြောင်း​ကြား​လျှင်၊-

2. ဣ​သ​ရေ​လ​လက်​ရွေး​စင်​စစ်​သည်​တော်​သုံး ထောင်​ကို​ခေါ်​၍ ဆိတ်​ရိုင်း​များ​နေ​ရာ​ကျောက် ဆောင်​များ​တွင် ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့ အား​ရှာ​ဖွေ​ရန်​ထွက်​ခွာ​သွား​တော်​မူ​သည်။-

3. မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။

4. ဒါ​ဝိဒ်​၏​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန် သူ​အား အ​ရှင်​၏​လက်​သို့​ပေး​အပ်​တော်​မူ​မည် ဟူ​၍​လည်း​ကောင်း၊ သူ့​အား​အ​ရှင်​အ​လို​ရှိ သ​လို​ပြု​နိုင်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မိန့် တော်​မူ​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ရှင်​အ​ခွင့် ကောင်း​ကြုံ​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ ဒါ​ဝိဒ်​သည် ရှော​လု​ရှိ​ရာ​သို့​သွား​ကာ ရှော​လု​၏​ဝတ်​လုံ ကို​တိတ်​တ​ဆိတ်​လှီး​ဖြတ်​လိုက်​၏။-

5. သို့​ရာ​တွင်​ယင်း​သို့​ပြု​မိ​သည့်​အ​တွက် ဒါ​ဝိဒ် လိပ်​ပြာ​မ​သန့်​ဖြစ်​လာ​၏။-

6. ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-

7. သို့​ဖြစ်​၍​ရှော​လု​အား​တိုက်​ခိုက်​ရန်​မ​သင့် ကြောင်း မိ​မိ​၏​လူ​တို့​ကို​ဒါ​ဝိဒ်​က​ကောင်း စွာ​နား​လည်​သ​ဘော​ပေါက်​စေ​လေ​သည်။ရှော​လု​သည်​ထ​၍​ဂူ​မှ​ထွက်​သွား​လေ​၏။-

8. ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

9. ဤ​သို့​လျှောက်​တင်​၏။ ``အ​ကျွန်ုပ်​သည်​အ​ရှင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြိုး​စား​နေ​သည် ဟု လူ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို​အ​ရှင် အ​ဘယ်​ကြောင့်​ယုံ​တော်​မူ​ပါ​သ​နည်း။-

10. ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့် အား အ​ကျွန်ုပ်​၏​လက်​သို့​အပ်​တော်​မူ​ခဲ့​ကြောင်း အ​ရှင်​ကိုယ်​တိုင်​သိ​မြင်​နိုင်​ပါ​၏။ အ​ကျွန်ုပ်​၏ လူ​အ​ချို့​တို့​က​အ​ရှင့်​အား​အ​သတ်​ခိုင်း ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ရှင် ၏​အ​တွက်​စိတ်​မ​ကောင်း​ဖြစ်​သ​ဖြင့် အ​ရှင့် ကို​စိုး​စဉ်း​မျှ​ဘေး​အန္တ​ရာယ်​မ​ပြု​လို​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် အ​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင် ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။-

၁ ရာ 24