6. တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။-
7. မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
8. ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။