၁ ရာ 21:9-15 Common Language Bible (BCL)

9. အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဋ္ဌား​ရှိ​ပါ​၏။ ထို​ဋ္ဌား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဋ္ဌား​ထက်​ကောင်း သည့်​ဋ္ဌား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။

10. ထို​နေ့​၌​ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​မှ​တိမ်း ရှောင်​ကာ ဂါ​သ​ဘု​ရင်​အာ​ခိတ်​မင်း​ထံ​သို့ သွား​၏။-

11. ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။

12. ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊-

13. ရူး​သွပ်​ဟန်​ဆောင်​လျက်​သူ​တို့​၏​ရှေ့​တွင် အ​ရူး​ကဲ့​သို့​ပြု​ပြီး​လျှင် တံ​ခါး​ရွက်​ပေါ် တွင်​ရေး​ခြစ်​၍​နေ​၏။ မိ​မိ​၏​မုတ်​ဆိတ်​ပေါ် မှာ​သွား​ရည်​ယို​ကျ​စေ​၏။-

14. သို့​ဖြစ်​၍​အာ​ခိတ်​မင်း​သည်​မှူး​မတ်​တို့ အား``ကြည့်​လော့၊ ဤ​သူ​သည်​သူ​ရူး​ဖြစ်​ပါ သည်​တ​ကား။ သူ့​အား​သင်​တို့​အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​သွင်း​ကြ​သ​နည်း။-

15. ငါ့​ထံ​တွင်​ရူး​သွပ်​သူ​နည်း​ပါး​နေ​သော​ကြောင့် လော။ ငါ​၏​နန်း​တော်​ထဲ​မှာ​ငါ့​အား​အ​နှောင့် အ​ယှက်​ပေး​ရန် အ​ဘယ်​ကြောင့်​အ​ရူး​ကို​သွင်း ကြ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

၁ ရာ 21